ချောင်းဆုံ ၂၉ အောက်တိုဘာ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာ ရပ်ကွက်(၇) အမှတ်(၆၂)နေ ဒေါ်တင်မူ(၄၂)နှစ် (ဘ)ဦးရှိန်၏ ပျဉ်ခင်း၊ ပျဉ်ကာ သွပ်မိုး(၂)ထပ်နေအိမ်၌ အောက်တိုဘာ ၂၈ ရက်နေ့ ည ၇ နာရီခန့်က ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဌာနမှ သိရသည်။
မီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်ရဲလင်း၊ ချောင်းဆုံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ မီးသတ်ကား(၆)စီးနှင့်အတူ ငြှိမ်းသတ်ခဲ့ကြကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဒေါ်တင်မူအား ချောင်းဆုံ မြို့မရဲစခန်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


