ချောင်းသာ ၁၇ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ကန်ကြီးကူးတို့ဆိပ်ကမ်းခြေတွင် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး ပညာပေးဆွေးနွေးပွဲနှင့် အမှိုက်ကောက်ပွဲကို မတ် ၁၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပလတ်စတစ်လျှော့ချရေးနှင့် အမှိုက်ကင်းစင်ရေးပွဲကို ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကာ ကျန်းမာရေးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအဖွဲ့ဝင်များ၊ သန့်ရှင်းသာယာလှပရေး စိတ်ပါဝင်စားသူများ ပါဝင်ကာ ပလတ်စတစ်လျှော့ချရေးနှင့် ကမ်းခြေသန့်ရှင်းသာယာ လှပရေးတို့အတွက် ဆွေးနွေးတိုင်ပင်ပြီး ချောင်းသာမြို့ ကန်ကြီးကမ်းခြေတစ်လျှောက်တွင် နံနက် ၁၁ နာရီထိ အမှိုက်ကောက်ခြင်းတို့ကို ဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)


