ချောင်းဦး ၁၅ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် မတ် ၁၅ ရက်၊ နံနက်(၉)နာရီ အချိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲကို မောင်မိုးယံ၏ "လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ" စာအုပ်ဖြင့် စတင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရာ၌ ရှေးဦးစွာ ချောင်းဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်က အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းက စာဖတ်ဝိုင်း ပြုလုပ်ခြင်းသည် ယနေ့ခေတ် လူငယ်လူရွယ်၊ အမျိုးသမီးများအနေဖြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးကို ဆောင်ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော Women Club အဖွဲ့ဝင်များက ခေါင်းစဉ်အလိုက် ဖတ်ကြားဆွေးနွေးခဲ့ကြကာ ဦးဆောင်ဆွေးနွေးသူ မြို့နယ်အမျိုးသမီးရေးရာနှင့် Women Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်၊ အတွင်းရေးမှူး ဒေါ်နိုင်နိုင်မော်တို့မှ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ ချောင်းဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့် အဖွဲ့ဝင်များ၊ Women Club  အတွင်းရေးမှူး ဒေါ်နိုင်နိုင်မော် နှင့် အဖွဲ့ဝင်များ၊ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းနှင့် ဝန်ထမ်းများ၊ စုစုပေါင်း (၂၆)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အိအိအောင် (ချောင်းဦး)

 

Boo