ချောင်းဦး နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၌ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံများအား မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးကို နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်း ဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမြင့်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိ ဒေါ်ဆွေဆွေသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းအောင်နှင့် တပ်ဖွဲ့ဝင်များက မဲရုံများ ပတ်ဝန်းကျင်အား လုံခြုံရေးစစ်ဆေး၍ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


