ဆန်တီယာဂို ၂၂ အောက်တိုဘာ
ချီလီနိုင်ငံသည် ဆန္ဒပြပွဲများနှင့် သုံးရက်ကြာ ရင်ဆိုင်ခဲ့ရပြီးနောက် နိုင်ငံမှာ စစ်ပွဲအတွင်း ရောက်ရှိနေသည်ဟု သမ္မတ ဆီဘတ်စတိန်းပီနီရာက အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ယခုဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများသည် ဆယ်စုနှစ်များအတွင်း ချီလီနိုင်ငံတွင် အဆိုးရွားဆုံးသော မငြိမ်သက်မှုဖြစ်ပြီး လူခုနစ်ဦး သေဆုံးကာ လူပေါင်း ၁၅၀ဝ နီးပါးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
“ ကျွန်တော်တို့ဟာ အခုအခါမှာ အင်အားကောင်းပြီး မကျေနိုင် မချမ်းနိုင်ဖြစ်နေတဲ့ ရန်သူတွေနဲ့ စစ်ပွဲရင်ဆိုင်နေရပါတယ်။ အဲဒီရန်သူတွေဟာ မည်သည့်အရာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လေးစားမှုမရှိဘဲ အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုတွေကို လုပ်ဆောင်နေတယ်” ဟု ချီလီသမ္မတက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ချီလိတပ်ဖွဲ့မှ ဗိုလ်ချုပ်ဂျာဗီရာအီတာရီရာနှင့် အရေးပေါ်ဆွေးနွေးမှုအပြီး ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမြို့တွင်သာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရာမှ ယခုအခါ နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းရှိ မြို့များတွင်လည်း အရေးပေါ်အခြေအနေ တိုးချဲ့ထုတ်ပြန်ထားရသည်။
ရဲတပ်ဖွဲ့နှင့် ချီလီတပ်ဖွဲ့မှ တပ်ဖွဲ့ပေါင်း ၉၅၀ဝ ခန့်မှာ မျက်ရည်ယိုဗုံးများ အသုံးပြု၍ လည်းကောင်း၊ မီးသတ်ပိ်ုက်ကြီးများ အသုံးပြု၍လည်းကောင်း ဘတ်စ်ကားမျာကို မီးရှို့နေကြသည့် ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ရသည်။ ဆန္ဒြုပသူများသည် ဘူတာရုံများကို မီးရှို့ခြင်း၊ ဆိုင်များအတွင်း မွှေနှောက်လုယူခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
လူနေမှုအဆင့်အတန်းမညီမျှမှုနှင့် မီးရထားလက်မှတ်များ ဈေးကြီးမြင့်မှုတို့ကြောင့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ချီလီဘောလုံးသမားများသည်လည်း အာဏာပိုင်များအနေဖြင့် ပြည်သူများ၏ စကားသံများကို နားထောင်ကာ အဖြေရှာသင့်သည့်ဟု ပြေကြားခဲ့သည်။
အေအက်ဖ်ပီ


