၃၀ အောက်တိုဘာ

 

 

အောက်တိုဘာ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ အရေးပေါ် အခြေအနေအတွင်း ချီလီဆန္ဒပြပွဲများတွင် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၄၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ရာနှင့်ချီသော ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် လက်နက်ကိုင်တပ်ဖွဲ့ အဖွဲ့ဝင်များလည်း ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

 

 

ပြည်သူပိုင်နှင့် ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းနှင့် မီးရှို့ခြင်းတို့ အပါအဝင် ထိုဆန္ဒပြပွဲများအတွင်း ပြင်းထန်သော အကြမ်းဖက်မှုများ ၁၂၂၇ ခု ဖြစ်ပွားခဲ့သည်ကို အာဏာပိုင်များက မှတ်တမ်းတင်ခဲ့သည်။

 

 

ရဲကား ၄၅၅ စီး၊ မြေအောက်ရထားဘူတာရုံ ၄၉ ရုံ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်မှ ဘတ်စ်ကား ၂၆ စီးခန့်တို့ကို ဆန္ဒပြသူများက ဖျက်ဆီးခဲ့ကြသည်။

 

 

ညမထွက်ရ အမိန့်အရ ၇၁၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၀၃၇ ဦးကို ထောင်ချခဲ့သည်။

 

 

ချီလီသမ္မတ စီဘာစတိန်း ပီနိရ က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို တုံ့ပြန်သည့် အနေဖြင့် တနင်္လာနေ့က ဝန်ကြီးရှစ်ဦး နေရာကို အစားထိုးခဲ့သည်။

 

 

ထိုဆန္ဒပြပွဲများသည် မြေအောက်ရထားခ နှုန်းထားများ မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်အတွင်း လူနေမှု ကုန်ကျစရိတ်များ မြင့်မားလာမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ကျယ်ပြန့်ကာ ကြီးထွားလာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို