မန္တလေး ၂၅ နိုဝင်ဘာ
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်း ဆိုင်းကယ်ခိုးယူသူများအား ဖမ်းဆီးစစ်ဆေး ဖော်ထုတ်ချက်အရ ခိုးရာပါဆိုင်ကယ်များအား လက်ခံရောင်းချသူ ၅ ဦးနှင့် ခိုးရာပါ ဆိုင်ကယ် ၅ စီးအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ချမ်းအေးသာစံမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းမှ ရဲအုပ်တိုးတိုး၊ နယ်ထိန်း ခေါင်းဆောင်၊ ဒုရဲအုပ် သက်မင်းထွန်းနှင့် နယ်ထိန်းအဖွဲ့များသည် မြို့နယ်တာဝန်ရှိသူများနှင့်အတူ ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးစစ်ဆေးဖော်ထုတ်ချက်အရ ခိုးရာပါဆိုင်ကယ်များအား လက်ခံရောင်းချသူများကို ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
စစ်ဆေးဖော်ထုတ်ချက်အရ အောင်မြေသာစံမြို့နယ်အတွင်းမှ အာကာဟိန်း(ခ) အာကာ(ခ) ဖက်တီး၊ ကျော်ထက်လင်း(ခ)ဂူတ၊ အောင်မျိုးသူ(ခ)ကိုမျိုး၊ အောင်ကျော်သူ(ခ) ကိုသူ၊ ဦးကြည်စိုး တို့မှာ ခိုးရာပါဆိုင်ကယ် များအား လက်ခံရောင်းချသူများဖြစ်ပြီး ၎င်းတို့နှင့်တူ ခိုးရာပါဆိုင်ကယ် ၅ စီးအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် ၆ ရဲစခန်းမှ သတင်းရရှိသည်။
မန်း(ကိုယ်ပွား)


