ကျိုက်လတ် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဆင-လှည်းဆိပ် ကျေးရွာချင်းဆက်လမ်း မြေကာတုတ်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမိုးမြင့်နှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)


