ကျိုက်လတ် အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများက စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ အဆောက် အအုံများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှု ရှိ၊ မရှိနှင့် မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊ မီးသတ်ရေလှောင်ကန်များ ထားရှိရန်၊ မီးလောင်မှု/ မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ အကူအညီ တောင်းခံကြရန်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ သတိပြုလိုက်နာရမည့် အချက်များကို အကြံပြု ညွှန်ကြားခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)


