ကျိုက်မရော အောက်တိုဘာ ၂၆
ကျိုက်မရောမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်မျိုးအောင်ရပ်ကွက်ရှိ PUMA စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
သရုပ်ပြလေ့ကျင့်
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်သောင်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအာကာစိုးထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်ရှိဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြလေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်မရော (ပြန်/ဆက်)


