ကျိုက်မရော ၁၄ အောက်တိုဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကဒါကျေးရွာအုပ်စု ကြံတောကျေးရွာ၌ ယမန်နေ့ နံနက် ၁၁နာရီက မီးဖိုတွင် ရေနွေးအိုးတည်ထားသည့် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ကျိုက်မရောမြို့နယ် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဖြိုးဝေအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက် ငြှိမ်းသတ်နိုင်ခဲ့ရာ အခြားနေအိမ်များသို့ မကူးစက်ခဲ့ဘဲ မီးစတင်လောင်ကျွမ်းသည့် အိမ်ရှင် ဦးအေးဝင်း၏ အလျား ၁၅ပေ၊ အနံ၈ပေ သစ်သားတိုင် ဝါးခင်း၊ ဖက်မိုးဖက်ကာ နေအိမ်တစ်လုံးသာ လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက် မရော)


