၂၉ အောက်တိုဘာ

 

 

ကိုလံဘီယာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးရဲ့ သင်္ကေတဖြစ်တဲ့ ကလော်ဒီယာ လိုပက်စ် ကို ဘိုဂိုတာမြို့တော်ဝန်အဖြစ် တနင်္ဂနွေနေ့က ရွေးချယ်ခဲ့ရာ ပထမဦးဆုံး အမျိုးသမီးမြို့တော်ဝန် ဖြစ်လာပါတယ်။

 

 

အသက် ၄၉ နှစ်အရွယ် လိုပက်စ်ဟာ ဂေးတစ်ဦးလည်း ဖြစ်ပါတယ်။ ဒေသတွင်း ရွေးကောက်ပွဲမှာ လိုပက်စ်ဟာ မဲဆန္ဒရှင် ၃၅.၂ ရာခိုင်နှုန်းကျော်က ရွေးကောက်ခဲ့တာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ၃၆ သန်းရှိပြီး ဝင်ရောက်ရွေးချယ်ခံသူ ၁၁၆,၀၀၀ ဦးရှိရာ ၃၇ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေလို့ သိရပါတယ်။

 

 

ဒီနှစ် မြို့တော်ဝန် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ သမိုင်းမှာ အများဆုံး ဖြစ်တယ်လို့ သမ္မတ အီဗန် ဒူကပ်က ပြောပါတယ်။

 

 

မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသူ လိုပက်စ်က အမျိုးသမီးဖြစ်တာ အမှားမဟုတ်ဘူး။ ခေါင်းမာတဲ့ အမျိုးသမီး ဖြစ်တာလဲ အမှားမဟုတ်ပါဘူး။ အလားတူ ဂေးတစ်ယောက် ဖြစ်ရတာလဲ အမှားမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က AFP ကို ပြောပါတယ်။

 

 

MDN

ကိုးကား - AFP