ကျိုင်းတုံ အောက်တိုဘာ ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်က ကျိုင်းတုံအထွေထွေ ရောဂါကုဆေးရုံကြီး၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ် ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌက မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ မျက်စိဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး ကျိုင်းတုံ အထွေထွေရောဂါကု ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ နန္ဒာအောင်က မျက်စိရောဂါအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြသည်။
ထို့နောက် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စန်းဟုန်၊ ဆေးရုံအုပ်ကြီး ဒေါက်တာတိုးမောင်နှင့် တာဝန်ရှိသူများက မျက်စိရောဂါလူနာများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


