ကျိုင်းတုံ အောက်တိုဘာ ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ‌ဝမ်အင်-ဝမ်လွမ်း-ဝမ်ကန်-ဝမ်လိန်း-ဘော်ဖာလမ်း(ဝမ်အင်-ဝမ်လွမ်း)ကြား နမ့်ခင်-နမ့်ခုန်‌ ရေနိမ့်‌ချောင်းကူး တံတားဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာ ၂၂ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်း‌‌ကျော်မျိုး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသိန်းလင်းနှင့် မြို့နယ်တာဝန်ခံတို့က နမ့်ခင်-နမ့်ခုန် ရေနိမ့်ချောင်းကူးတံတား အရှည် ပေ ၁၅၀ ၊ အနံ ၁၇ ပေ (ပထမပိုင်း)လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက် သွားနိုင်ရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ကြကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)