ကျိုင်းတုံ ၁၁ မတ် 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ဒုတိယအကြိမ်မြောက် ရေသဘင်ပွဲတော် အခမ်းအနားကို ကျိုင်းတုံတက္ကသိုလ်၌ မတ် ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

1


အဆိုပါရေသဘင်ပွဲတော်တွင် ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာစန်းစန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျိုင်းတုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများကိုယ်စား မောင်ငြိမ်းချမ်းဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျောင်းသား ကျောင်းသူများက ဆရာ၊ ဆရာမများအား အတာရေပက်ဖျန်း၍ ကြိုဆိုကြသည်။ ဆက်လက်၍ ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသူလေးများက သင်္ကြန်အကများဖြင့် ကပြဖျော်ဖြေကြကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။


MDN