မြစ်ကြီးနား    ၁၁    မတ်  
    

ကချင်ပြည်နယ်အတွင်းရှိ မူလနေရပ်သို့ ဒုတိယအကြိမ် ပြန်လည်ပြောင်းရွှေ့နေထိုင်လိုသည့် IDPs မိသားစုများအတွက် ထောက်ပံ့ပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာတွင် မတ် (၁၁)ရက် နံနက်(၁၀)နာရီ၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
    

ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာ အုပ်ချုပ်ရေးရုံး၌ကျင်းပသည် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက နေရပ်နေပြည်သူများအား အားပေးစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ထောက်ပံ့ပစ္စည်းများ ပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

1


    

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်ရှိ နန်ဆန်ယန် ကျေးရွာသို့ နေရပ်နေပြည်သူများ အိမ်ထောင်စု (၂၉)စု၊ လူဦးရေ (၁၉၁)ဦးတို့အတွက် ပြည်လည်ထူ ထောင်နိုင်ရေး ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ (၁၇)မျိုးပါ Family Kitများ၊ ပြောင်းရွှေ့/အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၅၆၀ဝ၀ဝ၀)၊ ဆန်၊ ဆီ၊ ဆား၊ ပဲစသည့် စားနပ်ရိက္ခာ(၁)လစာ ငွေကျပ်တန်ဖိုး(၂၁၈၃၅၇၅)၊ နေရပ်နေပြည်သူများ အတွက် MEC အမျိုးအစား(၇)ပေ အိမ်မိုးသွပ် (၆၆၅)ချပ်တို့နှင့်   ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ အိမ်သာခွက်/ ပိုက်နှင့် ဆေးစိမ်ခြင်ထောင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာပေါ်လင်၊ Hygiene Parcel၊ Community Shelter Tool Kit အသီးသီးတို့ကို ထောက်ပံ့ပေးအပ်ကြရာ မိသားစုဝင်များက လက်ခံရယူကြသည်။

 

1


ဆက်လက်၍ ဦးဖော်လားဂမ်ဖန်နှင့် ပြောင်းရွှေ့နေထိုင်မည့် တိုက်ပွဲရှောင်ပြည်သူများ ကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘရန်လီတို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြသည်။
     

ထို့နောက် ပြောင်းရွှေ့ပြန်လည်နေရာချထားပေးသည့် အိမ်ထောင်စုများနှင့် လိုအပ်သည့် နေရာများတွင် ပြန်လည်ထူထောင်နိုင်ရေးအတွက် မြေနေရာများအား ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည်ရှုခဲ့ကြကြောင်း ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

1