ကလော       အောက်တိုဘာ     ၂၁

ကလောခရိုင်ပြည်သူ့ဆေးရုံကြီး ဆေးကုသမှုလုပ်ငန်းများ ပိုမိုအဆင့်မြှင့်တင်နိုင်ရေးအတွက်  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရပြည်သူ့ဆေးရုံကြီးတွင် သုံးထပ်လူနာဆောင် အသစ်ဆောက်လုပ်နိုင်ရေး အောက်တိုဘာ  ၁၉  ရက်  နံနက်ပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။ 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နေပြည်တော် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာကျော်ဇေယျ၊ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည်   ကလောခရိုင်ပြည်သူ့ဆေးရုံကြီးတွင်  ဆေးကုသမှုလုပ်ငန်းများ   ပိုမိုအဆင့်မြှင့်တင်နိုင်ရေးအတွက်  စံကိုက်ခွဲစိတ်ခန်းပါရှိသော   သုံးထပ်လူနာဆောင်အသစ် ဆောက်လုပ်ရန်မြေနေရာ ကြည့်ရှုပြီး Site Plan ရေးဆွဲခြင်းနှင့် လက်ရှိ အသုံးပြုနေသော နှစ်ထပ်လူနာဆောင်သို့ လူနာများ၊ အောက်စီဂျင်အိုးများ အတင်အချပြုလုပ် ရာတွင် လွယ်ကူအဆင်ပြေစေရန် Toolley way slope ထည့်သွင်းရန်အတွက် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)