ကလော အောက်တိုဘာ ၂၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်တွင် တောင်ကြီးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဦးဆောင်၍ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများက ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် Grade-12 ကျောင်းသား ကျောင်းသူများအား ဘာသာရပ်မိတ်ဆက်ခြင်းလုပ်ငန်း အသိပညာ‌ပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး တောင်ကြီးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးက ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

 

ထို့နောက် တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများက ကလောမြို့နယ်အတွင်းရှိ Grade-12 ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် အသိပညာပေးဟောပြော ဆွေးနွေးပို့ချပေးလျက်ရှိ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)