ကလေး ၁ နိုဝင်ဘာ

 
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ကလေး)မှ ပထမနှစ် သူနာပြုသင်တန်းကျောင်းသားများဖြစ်ကြသော မောင်သန်းထိုက်အောင်၊ မောင်ဇော်မျိုးအောင်၊ မောင်ဟိန်း မင်းသူ၊ မောင်စိုင်းနောင်ထွန်း၊ မောင်ကမ်းမီနှင့် ဒုတိယနှစ် သူနာပြုသင်တန်းကျောင်းသားများဖြစ်ကြသော တွောင်ခန့်တွောင်နှင့် မောင်ထွန်းအောင်တို့ ခုနစ်ဦးသည် အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီ အချိန်ခန့်က ကလေးမြို့ နေရဉ္စရာမြစ်(ဖောင်ကူး)နှင့် မြစ်သာမြစ်ဆုံတွင် ရေဆင်းကူးကြရာ မောင်ထွန်းအောင်နှင့် မောင်သန်းထိုက်အောင်တို့နှစ်ဦးသည် ရေနစ်သွားသဖြင့် မောင်ဟိန်းမင်းသူက ဆယ်ယူကယ်တင်ရာ၌ မောင်ထွန်းအောင် တစ်ဦးတည်းကိုသာကယ်တင်နိုင်ခဲ့ပြီး မောင်သန်းထိုက်အောင်မှာ ရေနစ်ထဲသို့ မျောပါ သွားကြောင်း သိရသည်။

 

ေ


 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုဌေး ဦးဆောင်သောရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး၊ သက်ဆိုင်ရာ ရပ်ကွက်သုံးရပ်ကွက်မှ အုပ်ချုပ်ရေး မှူးများနှင့် ရေငုပ်ကျွမ်းကျင်သူများအဖွဲ့တို့သည် ညနေ ၅ နာရီ ၃၅ မိနစ်အချိန်မှစ၍ အခင်းဖြစ်ပွား ရာနေရာသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကြရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီမှစတင်၍ ဆက်လက်လိုက်လံရှာဖွေကြပြီး နံနက် ၉ နာရီအချိန်က ရေနစ်သေဆုံးသွားသော ပထမနှစ်သူနာပြုသင်တန်းကျောင်းသားဖြစ်သည့် မောင်သန်းထိုက်အောင် ၁၉ နှစ်(ဘ) ဦးသန်းထွန်း ၏အလောင်းကို အခင်းဖြစ်နေရာနှင့် ၁၅ ပေခန့်အကွာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါအလောင်း အား ကလေးမြို့ ပင်လုံတပ်ဦးကျောင်းမှ ပုညကုသလနာရေးကူညီမှုယာဉ်ဖြင့် ကလေးမြို့ပြည်သူ့ဆေးရုံကြီး သို့ ဆက်လက်ပို့ဆောင် ပေးခဲ့ကြောင်း ကလေးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


ချင်းတွင်းသား