ဗန်းမော် ၂၂ ဖေဖော်ဝါရီ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမှတ်(၉၁၄) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ကလေးငယ်များအား စာဖတ်စွမ်းရည် မြှင့်မားစေရန် ရည်ရွယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်းသို့ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၈ နာရီခွဲမှ ၁၁ နာရီအထိ လာရောက်ဖတ်ရှုလေ့လာခဲ့သည်။
ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းနှင့် ဝန်ထမ်းများက လှိုက်လှဲစွာ ကြိုဆိုကြပြီး ကျောင်းသားကျောင်းသူ ကလေးငယ်များ (၂ဝ) ဦးအား ကလေးစာဖတ်ခန်း၌ စာအုပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာစေခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် စက္ကူခေါက်ခြင်းများကိုလည်း ပြုလုပ်စေခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


