မုဒုံ  ဒီဇင်ဘာ ၂၁

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ (၁၁)ရပ်ကွက် ရှမ်းစုရပ်တွင် ဒီဇင်ဘာ ၂၀ ရက် က မီးဘေးသင့်ခဲ့သည့် အိမ်ခြေအိမ်ထောင်စုများအတွက် ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်သည်။

 

ထိုသို့ ပေးအပ်ရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဒေါက်တာကျော်စိုးမိုးနှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အိမ်ထောင်စုတစ်စုလျှင် တန်ဖိုးငွေကျပ် ငါးသိန်းဝန်ကျင်ရှိသည့် ပြန်လည်ထူထောင်ရေး  အိမ်ဆောက်ပစ္စည်းများ၊မိသားစုသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အမျိုးသမီး လစဉ်သုံးတစ်လစာပစ္စည်းများ စသည့်တို့ကို အိမ်ခြေ (၁၃)အိမ် အိမ်ထောင်စု (၁၄) စုအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၇၀ ခန့်ရှိသည့် ပစ္စည်းများအား မီးဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

 

သားငယ် (ပြန်/ဆက်)