ဩဂုတ် ၁၄
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုများဖြစ်ပွားမှုကြောင့် ၆၉၄ ဦး သေဆုံးခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၇၉၃ နှင့်နှိုင်းယှဉ်ပါက သေဆုံးမှု ၁၂ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု လမ်းဘေးကင်းရေးကော်မတီက ယနေ့တွင်ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလမှဇွန်လအတွင်း ယာဉ်မတော်တဆမှုများကြောင့် ၁၄၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ လွန်ခဲ့သောနှစ်အလားတူကာလက ထိခိုက်ဒဏ်ရာရရှိသူ ၂၁၁၆ ဦးရှိရာမှ ထိခိုက်ဒဏ်ရာရရှိမှု ၃၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု သိရသည်။
ထိုကာလအတွင်း ယာဉ်တိုက်မှု ၁၀၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ ယခင်နှစ်က ယာဉ်တိုက်မှုအကြိမ်ရေ ၁၅၃၄ ခုနှင့်နှိုင်းယှဉ်ပါက ၃၀ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။
ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် လေးဦးခန့်သေဆုံးကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်မတော်တဆမှုများဖြစ်ပွားခြင်း၏အဓိကအကြောင်းအရင်းများတွင် အရှိန်လွနမောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်းမလိုက်နာခြင်း၊ လမ်းစည်းကမ်းမလိုက်နာခြင်း၊ သတိလက်လွတ်ကွေ့ခြင်း၊ မဆင်မခြင် ကျော်တက်ခြင်း၊ အရက်သောက်မောင်းနှင်ခြင်း၊ ငိုက်မျဉ်းမောင်းနှင်ခြင်းတို့ ပါဝင်သည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


