၁၅ မတ်
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများ တွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော PTTEP International Limited သည် ကမ်းလွန် လုပ်ကွက်အမှတ် Block M-9 တွင် Subsea Inspection လုပ်ငန်းများကို MV.MEO RESOLUTION (Call Sign : JZPL) ရေယာဉ်ဖြင့် Point A. မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၈ မိနစ် ၂၉ ဒသမ ၄၁၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၈ မိနစ် ၃၄ ဒသမ ၆၄၂ စက္ကန့်၊ Point B. မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၂၄ ဒသမ ၇၈၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် ၄၄ ဒသမ ၃၀၈ စက္ကန့်၊ Point C. မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၆ မိနစ် ၄၄ ဒသမ ၈၉၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၉ မိနစ် ဝ၁ ဒသမ ၇၆၅ စက္ကန့်၊ Point D. မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ဝ၁ ဒသမ ၄၉၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၄ မိနစ် ၂၁ ဒသမ ၁၅၆ စက္ကန့် တွင် (၂၀.၃.၂၀၁၉)ရက်နေ့မှ (၁၀.၄.၂၀၁၉) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ (၂၀.၃.၂၀၁၉)ရက်နေ့မှ (၁၀.၄.၂၀၁၉) ရက်နေ့အထိ လုပ်ငန်းဆောင် ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာ အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။
MDN


