နေပြည်တော်   ၅  စက်တင်ဘာ

ယနေ့ နံနက် ၂ နာရီ ၄၈ မိနစ်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၁၉၅)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကွမ်းလုံမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၆၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈ ဒသမ ၅၈) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN