အိမ်မဲ  ၁၅  မတ် 


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ကမန်းတောင်ကျေးရွာတွင် အိမ်ထောင်စုဇယားများ နေ့ချင်းပြီး အခမဲ့ပြုလုပ်ပေးခြင်းကို မတ်လ ၁၄ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းနိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စုဇယား ၁၀ဝ ခုအား နေ့ချင်းပြီး အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)