ကန့်ဘလူ ၂၃   ဖေဖော်ဝါရီ 

 

ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၂၁၂၉၁၁၀ဝ၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

အဆင့်မြှင့်တင်မည့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိလမ်းများအနက် အမှတ်(၂)ရပ်ကွက်တွင် ဂျီတီစီလမ်း ကတ္တရာခင်းခြင်း၊ ပဒုမ္မာလမ်း ကတ္တရာခင်းခြင်း၊သမတိုက်တန်းအနီး လမ်းကတ္တရာခင်းခြင်း၊အမှတ်(၃)ရပ်ကွက်တွင် ဗိုလ်အောင်ကျော်လမ်းကတ္တရာခင်းခြင်း၊ အမှတ်(၅)ရပ်ကွက် ဆိပ်ဖူးမြောင်အထွက်လမ်းကတ္တရာခင်းခြင်း၊ အမှတ်(၄)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်ဖက်နှစ်ပေစီချဲ့၍ ကတ္တရာခင်းခြင်း၊ အမှတ်(၂)ရပ်ကွက် ကျွန်းလှအထွက်လမ်း မူလ ၁၂ ပေလမ်းအား လေးပေချဲ့၍ ကတ္တရာခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊အမှတ်(၅)ရပ်ကွက် အောင်သစ္စာလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ အမှတ်(၄)ရပ်ကွက် မဟာဗန္ဓုလလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် မြို့တွင်းလမ်းများ လမ်းပေါက်ဖာထေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

 

111 FB_IM

 

ထို့ပြင် အမှတ်(၄)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းကျောက်ချောခင်းခြင်း၊ အမှတ်(၅)ရပ်ကွက် အောင်သီရိလမ်းကျောက်ချောခင်းခြင်း၊ အမှတ်(၁)ရပ်ကွက် ပါရမီ(၃)လမ်းကျောက်ချောခင်းခြင်း၊အမှတ်(၅)ရပ်ကွက် ဦးရာဇာတ်လမ်းကျောက်ချောခင်းခြင်း၊ ထန်းကုန်းကျေးရွာတွင်း လမ်းကျောက်ချောခင်းခြင်း၊ ပင့်သာကျေးရွာတွင်းလမ်းကျောက်ချောခင်းခြင်း၊မလယ်ကျေးရွာတွင်းလမ်းကျောက်ချောခင်းခြင်း၊ ကိုးထောင်ဘို့ကျေးရွာတွင်း လမ်းကျောက်ချောခင်းခြင်း၊ ကာဘိုးကျေးရွာတွင်းလမ်းကျောက်ချောခင်းခြင်းနှင့် အမှတ်(၂) ရပ်ကွက် ရွှေပိတောက်လမ်း မြေသားဘောင်တင်ခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်မည်ဖြစ်သည်။

 

FB_IMG_15

 

တံတားလုပ်ငန်းများအနေဖြင့် အမှတ်(၂)ရပ်ကွက်ရှိ ပျူစောထီးလမ်း၊ ရွှေပိတောက်လမ်း၊ စွယ်တော်လမ်း၊စည်ပင်သာယာလမ်းဘေး၊ ထပ်ဆင့်လွှင့်ရုံလမ်း၊အမှတ်(၃)ရပ်ကွက်တွင် အားကစားကွက်သစ်လမ်း၊အမှတ်(၁)ရပ်ကွက် ကျွန်းရွှေဝါလမ်း၊ အမှတ်(၅) ရပ်ကွက် ဦးရာဇာတ်လမ်း၊ အမှတ်(၁)ရပ်ကွက် ပါရမီလမ်းသွယ်(၃)လမ်းတို့တွင် Box Culvert များတည်ဆောက်ခြင်း၊ အမှတ် (၂)ရပ်ကွက် ရွှေပိတောက်လမ်းတွင် ရေပြွန်တစ်စင်းတည်ဆောက်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်(၅)ခု၌ လိုအပ်သောနေရာများတွင် ရေပြွန်ခုနှစ်ခုချခြင်း၊ မြို့တော်ခန်းမတည်ဆောက်ခြင်းတွင် အတွင်းတိုင်ဖုံးများအလှဆင်ခြင်း၊ ခန်းမအဝင်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် လေးခန်းတွဲသန့်စင်ခန်းများ တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

DSC0