ကျွန်းစု အောက်တိုဘာ ၂၇

 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ယခုနှစ်မိုးရွာသီအတွင်း စိုက်ပျိုးခဲ့သော  မောင်းလှော်ကျေးရွာရှိ တောင်သူဦးမြင့်အောင်၏ မိုးစပါးစိုက်ဧက လေးဧကအား အောက်တိုဘာ ၂၆ ရက်ညနေပိုင်းက စံကွက်ရိတ်သိမ်းခဲ့သည်။

 

 ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမိုးအောင်နှင့် ဝန်ထမ်းများ၊ မောင်းလှော်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အကျိုးဆောင် တောင်သူများနှင့်အတူ အောင်နိုင်တိုးစပါးမျိုး စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစိုဓာတ်  ၁၇ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပြီး အထွက်နှုန်းမှာ ၁၀၉ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)