၁၉ နိုဝင်ဘာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံရန် တောင်းဆိုမှုအား ပယ်ချလိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက ပြောကြားလိုက်သည်။
နိုင်ငံပိုင် မီဒီယာများက တစ်ဆင့် ယမန်နေ့က ထုတ်ပြန်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကင်ဂျူဝမ်ကပြောကြားခဲ့သည်။
ကြေငြာချက်တွင် အမေရိကန်ပြည်ထောင်စု အနေဖြင့် မြောက်ကိုရီးယား နိုင်ငံနှင့် ဆွေးနွေးမှုများ အမှန်တစ်ကယ် ပြုလုပ်လိုလျင် မြောက်ကိုရီးယား နိုင်ငံအား ရန်သူအဖြစ် ရှုမြင်နေသည့် ရန်လိုနေသည့် မူဝါဒကို ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ချသင့်သည်ဟု ဖော်ပြထားသည်။
မိမိတို့ တိုင်းပြည် အနေဖြင့် အသုံးမဝင်သည့် ထိပ်သီး အစည်းအဝေးများ အကြောင်းကို စိတ်မဝင်စားကြောင်း ၎င်းက ပြောကြားခဲ့သည်။
မကြာမီ တွေ့ဆုံပြီး မြောက်ကိုရီးယား ခေါင်းဆောင်အား မြန်မြန်ဆန်ဆန် အရေးယူပြီး သဘောတူညီမှုများ ရရှိရန် တိုက်တွန်းမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ထရန့်က တွစ်တာပေါ်တွင် ချေပချက်များ ထွက်ပေါ်လာခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


