ကံမ အောက်တိုဘာ ၂၇
ကံမမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ကံမမြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ဦးစီးဌာနများနှင့်ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကံမမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့မှ ပူးပေါင်း၍ ကံမမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် လျှပ်စစ်ဝိုင်ယာကြိုးများမှတစ်ဆင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး မီးဘေးလုံခြုံရေး စစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကောင်းစစ်နိုင်


