ဘားအံ ၁၈ ဖေဖော်ဝါရီ 

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၃၉၈၇)ဦးနှင့် (၂)နှစ်အောက်ကလေးငယ်   (၁၂၆၃)ဦး အတွက်စုစုပေါင်း ၅၂၅၀ တို့အတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်က ဘားအံမြို့ ဇွဲကပင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

111

 

အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကရင်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကိုယ်ဝန်ဆေင်ခင်များ၊ ကလေးသူငယ်များ တက်ရောက်ကြသည်။

 

2222

 

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်း အနားသည် နိုင်ငံတော်အနေနဲ့ မိခင်လောင်းများ အာဟာရဓါတ်ပြည့်ဝစေပြီး အနာဂါတ်မျိုးဆက်သစ်ကလေးများ ဉာဏ်ရည် ဉာဏ်သွေး ပြည်ဝစေရေးအတွက် စီမံပြီးထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ ကလေးငယ်တစ်ဦးအတွက် ရက်ပေါင်း (၁၀ဝ၀)အတွင်း အဟာရပြည့်ဝစေရန် လိုသောကြောင့် မိခင်လောင်များအနေဖြင့် မိမိတို့၏ ရင်သွေး ငယ်များအား သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်း၏ လမ်းညွှန်မှုများအတိုင်း ကျွေးမွေးပြုစုစောင့်ရှောက်ပြီး အနာဂတ် တိုင်ပြည်အတွက် ဉာဏ်ရည်ဉာဏ်သွေးပြည်ဝသော မျိုးဆက်သစ်များကို မွေးထုတ်ပေးကြပါလို့ ပြောကြားလိုပါကြောင်း ပြောကြားသည်။ 


ထို့နောက် ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းက ထောက်ပံ့ ပေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ကိုယ်ဝန်ဆောင်မိခင်(၃၉၈၇)ဦးနှင့်(၂)နှစ် အောက် ကလေးငယ်(၁၂၆၃)ဦး စုစုပေါင်း(၅၂၅၀)ဦးတို့အတွက် ထောက်ပံ့ငွေ(၂၀၄၂၁၀ဝ၀ဝ)ကျပ်ကို ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေရဲထက်ထံသို့ ကိုယ်စားပေးအပ်ပြီး မိခင်(၅)ဦးကိုလည်းကောင်း၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က(၂)နှစ်အောက်ကလေးငယ်(၅)ဦးကိုလည်းကောင်း တစ်ဦးလျှင်(၃)လစာ(၄၅၀ဝ၀)ကျပ်စီကို ပေးအပ်ခဲ့ ကြောင်းသိရသည်။ 

 

အဆိုပါထောက်ပံ့ပေးမှုသည် နိုင်ငံတော်အနေဖြင့်သီးခြားအစီအစဉ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်သေနှုန်း လျှော့ချ ရေးနှင့် ကလေးသူငယ်များ အဟာပြည့်ဝရေး ကရင်ပြည်နယ်အတွက်ပထမဆုံးအကြိမ်အဖြစ်ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်သည်။ ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမိသားစုများအပါအဝင် မြို့နယ်(၇)မြို့နယ်အတွက် ၂၀၁၈-၂၀၁၉ဘဏ္ဍာ ရေးနှစ် ပထမသုံးလပတ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကိုယ်ဝန်ဆောင်မိခင်(၁၄၅၃၁)ဦး၊ (၂)နှစ်အောက် ကလေးငယ်(၄၄၇၆)ဦး စုစုပေါင်း(၁၉၀ဝ၇)ဦးအတွက် (၇၃၉၄၂၅၀ဝ၀)ကျပ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် (၂) နှစ်အောက်ကလေးငယ်တစ်ဦးလျှင် တစ်လ(၁၅၀ဝ၀)ကျပ်နှုန်းဖြင့်(၃)လတစ်ကြိမ် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိသည့်မြို့နယ်များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)