ကသာ ၉ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့မှ အနောက်ဖက် (၂) မိုင်ခန့် ကွာဝေးသော တုံးပေါကျေးရွာ အုပ်စု နယ်မြေအတွင်းရှိ ကသာ-ထီးချိုင့်သွား အမှတ် (၃) ခရိုင်ချင်းဆက် လမ်းမပေါ်တွင် ယမန်နေ့ ည ၉ နာရီ ၂၁ မိနစ် အချိန်တွင် ကားမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကားမီးလောင်ရာ နေရာသို့ ကသာမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဉီးအောင်ဖြိုးသူ ဦးဆောင်၍ သန္ဓေ (၁+၆) ဦး၊ မီးငြိှမ်းသတ်ယာဉ် (၁) စီးဖြင့် သွားရောက် မီးငြိမ်းသတ်ခဲ့ပြီး ည ၉ နာရီ ၄၅ မိနစ် အချိန် တွင် မီးငြိှမ်းသတ်နိုင်ခဲ့သည်။
အဆို ကားမီးလောင်မှုအား တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ မာစီဒီးအမျိုးအစား၊ အနက်ရောင် ပြိုင်ကား တစ်စီးဖြစ်ပြီး ပိုင်ရှင် ဦးသူရကျော်အား ကသာမြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်းထက်(ပြန်/ဆက်)


