၂၁ နိုဝင်ဘာ
ကတ်ရှ်မီးယားဒေသမှာ ပုံမှန်အခြေအနေပြန်ရောက်ပြီလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောကြားပေမယ့် အဲဒီဒေသမှာ လူပေါင်း ၆၀ဝ ကို ဖမ်းဆီးထားပြီး၊ အင်တာနက်သုံးစွဲခွင့် ဖြတ်တောက်ထား သလို ကတ်ရှ်မီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သြဂုတ်လကတည်းက ရုပ်သိမ်းခံထားရပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုးဒီရဲ့ ညာလက်ရုံး အမစ်ရှားက ကတ်ရှ်မီးယားဒေသမှာ ပုံမှန်အခြေအနေကို ရောက်နေပါပြီ။ ဓါတ်ဆီ၊ ဒီဇယ်၊ ရေနံဆီ၊ LPG နဲ့ ဆန်စတာတွေ လိုအပ်သလောက် ရနိုင်ပါတယ်လို့ နယူးဒေလီ ရှိ အထက်လွှတ်တော်မှာ ပြောကြားပါတယ်။
ဝန်ကြီးချုပ်မိုဒီအစိုးရက သြဂုတ်လ ၅ ရက်နေ့မှာ ကတ်ရှ်မီးယားကို ပေးအပ်ထားတဲ့အထူးအခွင့်အရးကို ရုတ်သိမ်းပြီး ထောင်ချီတဲ့တပ်တွေ ထပ်မံပို့ဆောင်ခြင်း၊ ညမထွက်ရအမိန့်ထုတ်ခြင်း၊ တယ်လီဖုန်း အဆက်အသွယ် ဖြတ်တောက်ခြင်းနဲ့ ထောင်ချီတဲ့လူတွေကို ဖမ်းဆီးခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။
အခုဆိုရင် သုံးလခွဲကြာပြီဖြစ်ပေမယ့် လူပေါင်း ၆၀၉ ဦးဟာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။ တယ်လီဖုန်းလိုင်း တွေက ပြန်လည်တပ်ဆင်ပြီးဖြစ်သလို သုံးပြီးမှငွေပေးချေရတဲ့ လက်ကိုင်ဖုန်းတွေဟာလည်း ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်လိုင်းနဲ့ မသုံးခင်ကို ကြိုပြီး ငွေပေးသွင်းထားတဲ့ လက်ကိုင်ဖုန်းတွေကတော့ အသုံးပြုလို့မရသေးဖြစ်လို့သိရပါတယ်။ ကတ်ရှ်မီးယားတောင်ကြားမှာ လူဦးရေ ၇ သန်းကျော် နေထိုင်ကြောင်း သိရပါတယ်။
အင်တာနက် ပြန်လည်သုံးစွဲခွင့်ကတော့ ဒေသအာဏာပိုင်တွေရဲ့ ဆုံးဖြတ်အပေါ်မူတည်ပါတယ်လို့ အိန္ဒိယဝန်ကြီးချုပ်မိုးဒီရဲ့ ညာလက်ရုံး အမစ်ရှားက မနေ့က ပြောကြားပါတယ်။
MDN
ကိုးကား - AFP


