၂၁ အောက်တိုဘာ

 

 

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ တူရကီ နယ်စပ်ကမြို့ကို သိမ်းပိုက်ထားတဲ့ ကတ်တို့ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ဝင်တွေက မနေ့က ဆုတ်ခွာပေးလိုက်ပါတယ်။ အခုလို ဆုတ်ခွာပေးခြင်းဟာ အပစ်ခတ်ရပ်ဆဲရေးရဲ့ ကနဦးခြေလှမ်းအဖြစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

 

အမေရိကန်နိုင်ငံက စစ်ပွဲကြောင့်ကွဲနေတဲ့ ဆီးရီးယားနိုင်ငံကနေ အမေရိကန်တပ်တွေ ဆုတ်ခွာပြီးနောက် တူရကီနိုင်ငံက  ဆီးရီးယားနိုင်ငံက ကတ်တွေကို တိုက်ခိုက်ရန် အောက်တိုဘာ ၉ ရက်နေ့က စတင်ခဲ့ပါတယ်။  အမေရိကန် တပ်ဖွဲ့ဝင် အများအပြား တပ်စွဲထားတဲ့ တယ် တမား ကနေ သီတင်းတစ်ပတ်အတွင်း လေးကြိမ်မြောက် ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။

 

 

ဆုတ်ခွာသွားတဲ့ အမေရိကန် တပ်ဖွဲ့တွေဟာ အီရက်မြောက်ပိုင်းကို ပြောင်းရွှေ့နေရာချထားတယ်လို့ ကာကွယ်ရေးဝန်ကြီး မက်ခ် အက်စ်ပါ က ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင် စစ်သား ၁၀ဝ လောက်ကို အိုင်အက်စ်အဖွဲ့ကို ရပ်တန့်သွားအောင် လုပ်ဆောင်ဖို့ ကူညီရန် ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက သတင်းထောက်တွေ ပြောပါတယ်။

 

 

အယ်လပို နဲ့ ရာကတ် ပြည်နယ်တွေမှာ အမေရိကန်တပ်တွေ မရှိတော့ဘူး ဖြစ်ပါတယ်။ သမ္မတဒေါ်နယ်ထရန့်က အမေရိကန်တပ်တွေကို နိုင်ငံကိုပြန်ခေါ်ဖို့ မူလက အစီအစဉ်ရှိခဲ့ပါတယ်။

 

 

အောက်တိုဘာ ၉ ရက်နေ့ကနေ တူရကီ ဦးဆောင်တဲ့ တပ်တွေက စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကြောင့် ပြည်သူ ၁၁၄ ဦး သေဆုံးပြီး အနည်းဆုံး လူဦးရေ ၃၀ဝ,ဝ၀ဝ အိုးအိမ်တွေကို စွန့်ခွာခဲ့ရကြောင်း သိရပါတယ်။

 

 

တိုက်ပွဲကြောင့် ကတ်တပ်ဖွဲ့ဝင် ၂၅၀ ကျော်နဲ့ တူရကီလိုလားတဲ့ တိုက်ခိုက်ရေးသမား ၁၉၀ အသက်ဆုံးရှုံးပြီး၊ တူရကီတပ်သား ၅ ဦး အသက်ဆုံးရှုံးကြောင်း သတင်းထုတ်ပြန်ပါတယ်။

 

 

MDN

ကိုးကား - AFP