ကျုံပျော် နိုဝင်ဘာ ၁၇
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ နိုဝင်ဘာ ၁၇ ရက် နံနက် ၈ နာရီက ဖွင့်လှစ်သည်။
ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) သင်ခန်းစာအကျဉ်း၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးတို့၏ တာဝန်များ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


