ကျုံပျော်  ၂၇   အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မန်းကြာကျေးရွာအုပ်စု ၊အိမ် ၃၀ ကျေးရွာတွင် အောက်တိုဘာ ၂၆ ရက်က မီးကြွင်းမီးကျန်ကြောင့် လူနေအိမ်လေးလုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက်နံနက် ၉ နာရီအချိန်ခန့်က ဦးမိုးဝင်း နေအိမ်ရှိမီးကြွင်းမီးကျန်မှ တစ်ဆင့်အနီးရှိ ထရံအားကူးစက်ကာ ပတ်ဝန်းကျင်နေအိမ်များသို့ ထပ်မံကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ စုစုပေါင်း လူနေအိမ်လေးလုံးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၈)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့က မီးငြိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုအား အထောင်နယ်မြေရဲစခန်းက အရေးယူ ဆောင်ရွက်လျှက်ရှိပြီး  လူနှင့် တိရစ္ဆာန်များထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

 

နေဝင်း(ကျုံပျော်)