၁၈ အောက်တိုဘာ

ကမ္ဘာကျော် ကျူးဘား ဘဲလေးအကမယ် အက်ဆိုလူတာ အလီကာ အလုံဆို အသက် ၉၈ နှစ် သည် ယမန်နေ့က ကွယ်လွန်သွားခဲ့သည်ဟု ကျူးဘားဘဲလေးအဖွဲ့ (BNC) က ထုတ်ပြန်ကြေညာခဲ့သည်။

အလုံဆို သည် ကျူးဘားအမျိုးသားဘဲလေးအဖွဲ့တွင် ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း နှင့် ဆေးဝါးကုသမှုနှင့်ခွဲစိတ်ကုသမှု သုတေသန ဆိုင်ရာ ဟာဗားနားစင်တာ၌  နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကမ္ဘာအနှံ့ ကျူးဘားဘဲလေးကျောင်း အဆင့်တိုးမြှင့်လုပ်ဆောင်မှု နှင့် Giselle နှင့် Carmen ဖျော်ဖြေပွဲများကြောင့် အလုံဆို ကို လူသိများလာခဲ့သည်။

အလုံဆိုသည် သူမ၏ကိုယ်ပိုင်အကကုမ္ပဏီ ကို ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

၁၉၅၉ ကျူးဘားတော်လှန်ရေးပြီးနောက် ဖီဒယ်လ် ကက်စထရိုသည် အနုပညာအတွက်ရန်ပုံငွေကို တိုးမြှင့်ပေးခဲ့ကာ ဆုရကျူးဘားဘဲလေးအဖွဲ့ တည်ထောင်ရန် အလုံဆို ကို တိုက်တွန်းခဲ့သည်။

ကိုးကား-ဆင်ဟွာ