၁၅ နိုဝင်ဘာ

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ အထက်တန်းကျောင်းတွင် ယမန်နေ့ မနက်ပိုင်းက သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

 

1

 

အဆိုပါ သံသယရှိသူသည် လော့စ်အိန်ဂျယ်လိစ်မြို့အနီး ဆန်တာ ကလာရီတာမြို့ရှိ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦး ဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

၎င်းသံသယရှိသူသည် ကျောပိုးအိတ်ထဲမှ သေနတ်တစ်လက်ကို ဆွဲထုတ်ကာ ပစ်ခတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းသို့ ပစ်ခတ်ပြီးနောက် သူ့ခေါင်းသူ ပြန်ပစ်ခဲ့ကြောင်းနှင့် ထိုသေနတ်သမားကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်း ပြောကြားခဲ့သည်။

 

ရဲတပ်ဖွဲ့က ထိုအထက်တန်းကျောင်း၏ လုံခြုံရေး ကင်မရာ ရိုက်ကူးထားသော ရုပ်သံဖိုင်ကို စိစစ်နေပြီး ထိုသေနတ်သမား၏ ပစ်ခတ်ရသည့် အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို