၁၂ အောက်တိုဘာ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အတွင်းက တောမီးဟာ ၄၇၀ဝ ဧက နီးပါး လောင်ကျွမ်းရာ လူနေအိမ်များ၊ အဆောက်အအုံများအပါအဝင် ၃၀ ကျော် မီးလောင် ဆုံးရှုံးကြောင်းနဲ့ ဒေသခံ တစ်သိန်းလောက် ရွှေ့ပြောင်းပေးရကြောင်း တာဝန်ရှိသူတွေက သောကြာနေ့က ထုတ်ပြန်ပါတယ်။
တောမီးကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး နှလုံးရောဂါဖောက်ပြီး သေဆုံးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြာသပတေးနေ့က စတင်ခဲ့တဲ့ တောမီးဟာ မီးသတ်သမား ၁၀ဝ၀ နီးပါး ပါဝင်ငြှိမ်းသတ်သလို ရဟတ်ယာဉ်များနဲ့ပါ ငြှိမ်းသတ်ခဲ့ရာ အခုတော့ ထိန်းထားနိုင်ပြီလို့ သိရပါတယ်။
မီးကို ငြှိမ်းသတ်ရန်ကြိုးစားရာတွင် အဝေးပြေးလမ်းများပိတ်ရသလို ရထားလမ်းပါ ပိတ်ရတဲ့အတွက် ကျောင်းနဲ့ လုပ်ငန်းများပါ ပိတ်ရကြောင်း သိရပါတယ်။
တောမီးဟာ တစ်နာရီကို ဧက ၈၀ဝ နှုန်းဖြင့် လောင်ကျွမ်းတဲ့အတွက် ရက်အနည်းငယ်ကြာ ငြှိမ်းသတ်ရန် လိုအပ်မယ်လို့ တာဝန်သူတွေက ပြောပါတယ်။
တစ်ချိန်တည်းမှာ လော့အန်ဂျလိစ် အရှေ့ပိုင်းမှာ တောမီးလောင်တဲ့အတွက် မီးသတ်သမား ၂၀ဝ ခန့်က မီးငြှိမ်းသတ်နေရကြောင်း သိရပါတယ်။ အဲဒီမီးကြောင့် အိမ်ခြေ ၇၆ လုံး လောင်ကျွမ်းပြီး မီးလွတ်အောင် မပြေးနိုင်တဲ့ ၈၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP


