ကယ်လီဖိုးနီးယား ၁၄ အောက်တိုဘာ


ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် အောက်တိုဘာ ၁၀ ရက်က တောမီး စတင် လောင်ကျွမ်းလျက်ရှိရာ အဆိုပါတောမီးကို ငြှိမ်းသတ်နိုင်ရေးမီးသတ်သမားများက အောက်တိုဘာ ၁၂ ရက်တွင် အပြင်းအထန် ကြိုးပမ်း ခဲ့ကြသည်။


တောမီးလောင်မှုကြောင့် လူ ပေါင်း တစ်သိန်းခန့်ကို နေအိမ်များမှ ကယ်ထုတ်ခဲ့ရသည်။ မီးဘေးအန္တရာယ် ကြောင့် အဆိုပါဒေသတွင် အနီရောင် အဆင့်သတိပေးချက် ထုတ်ပြန်ထား သည်။ လေထုတွင်း စိုထိုင်းမှုနှုန်းမှာ နည်းပါးပြီး လေပြင်းများ တိုက်ခတ် နေကြောင်းလည်း အမျိုသားရာသီဥတု အဖွဲ့က ပြောသည်။
တောမီးသည် လော့စ်အိန်ဂျလိစ်ရှိ ဆန်ဖာနန်ဒို တောင်ကြားတွင် လောင်ကျွမ်းလျက်ရှိပြီး ကယ်လီဖိုးနီး ယားတောင်ပိုင်း၌ အားအကောင်းဆုံး တောမီးလည်းဖြစ်သည်။ အောက်တို ဘာ ၁၂ ရက်တွင် လော့အိန်ဂျလိစ်မြို့ မြောက်ပိုင်း မိုင် ၂ဝ အကွာရှိ မြေဧက ပေါင်း ၇၅၅၁ မှာ မီးလောင်ကျွမ်း သွားခဲ့သည်ဟု မီးသတ်အရာရှိများက ပြောသည်။


ယခုအခါ မီးလောင်မှုကို ၁၉ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း လည်း မီးသတ်အရာရှိက ဆက်လက် ပြောကြားခဲ့သည်။ အပူချိန်ကျဆင်းလာပြီး လေတိုက်ခတ်မှု လျော့နည်း လာမည်ဟု ကြိုတင်ခန့်မှန်းထားသည့် အတွက် အောက်တိုဘာ ၁၂ ရက်တွင် အချို့သောဒေသခံများကို နေအိမ်များ သို့ ပြန်ခွင့်ပြုခဲ့သည်။
အသက် ၅၀ ဝန်းကျင် အမျိုးသား တစ်ဦးမှာ နေအိမ်ကို မီးဘေးမှ ကာကွယ်ရန်ကြိုးပမ်းရင်း သေဆုံး သွားခဲ့ရသည်။ လော့စ်အိန်ဂျလိစ်မြို့ တွင် မီးခိုးငွေ့များက လွှမ်းခြုံထားပြီး လေထုအခြေအနေမှာ ကျန်းမာရေး ထိခိုက်နိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ခဲ့သည်။


တောမီးကို ငြှိမ်းသတ်နိုင်ရေး မီးသတ်သမားပေါင်း ၁၀ဝဝ ဖြင့် ကြိုးပမ်းခဲ့ပြီး ရေများတင်ဆောင်လာသည့် ရဟတ်ယာဉ်များ၊ လေယာဉ် များကိုလည်း အသုံးပြုခဲ့သည်။ အဓိက အဝေးပြေးလမ်းမကြီးအချို့ကိုလည်း ပိတ်ဆို့ခဲ့ရသည်။ မီးကြောင့် နေအိမ် နှင့်အဆောက်အအုံပေါင်း ၇၆ လုံး ပျက်စီးခဲ့ရပြီး၊ မီးလောင်နေစဉ် ထွက်မပြေးနိုင်သည့် အသက် ၈၉ နှစ် အရွယ် အဘွားတစ်ဦး သေဆုံးခဲ့ရသည်။

အေအက်ဖ်ပီ