Latest News
နောက်ဆုံးရသတင်းများ
မလှိုင်မြို့နယ်တွင် လျှပ်စစ်ဝါယာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်
31/03/19
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် မြောက်လည်အုပ်စု ကျပ်ဖြူကျေးရွာတွင် မတ် ၃၀ ရက် ည ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အုတ်တွင်း-ပေါက်ခေါင်း ရိုးမဖြတ်ကျော် ကားလမ်းတွင် ယာဉ်တိမ်းမှောက် ၁၆ ဦးသေဆုံး
31/03/19
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အုတ်တွင်း-ပေါက်ခေါင်း ရိုးမဖြတ်ကျော်ကားလမ်းတွင် တာဝါတိုင်တူးရန် အလုပ်သမား များတင်ဆောင်လာသည့် ယာဉ်တစ်စီး အနက် ပေ ၂၀ဝ ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်၍ လိုက်ပါလာသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြစ်ရေအခြေအနေ
31/03/19
၃၁ မတ်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၃၁.၃.၂၀၁၉) ရက်နေ့ နံနက် (ဝ၆း၃၀) နာရီအချိန်တွင် တိုင်းတာရရှိသောမြစ်ရေ အခြေအနေများကို သိရှိနိုင်ပါရန်ဖော်ပြလိုက်ပါတယ်...........
နေ့စဉ်မိုးလေဝသသတင်း
31/03/19
(၂၀၁၉ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ နံနက်(၇:ဝ၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများ အားဖြင့် သာယာနေပါသည်။
ချောင်းဦးမြို့၌ စာကြည့်တိုက်ဝန်ဆောင်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေး
31/03/19
စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
မင်းဘူးမြို့ သာယာလှပရေးအတွက် ရေနုတ်မြောင်းများ ရှင်းလင်းခြင်းနှင့် လမ်းပျက်စီးနေမှုများပြုပြင်
31/03/19
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ မြို့သာယာလှပရေးအတွက် ရေနုတ်မြောင်းများ ရှင်းလင်းခြင်းနှင့် လမ်းပျက်စီး နေမှုများကို ပြုပြင်ဆောင်ရွက်နေကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။
ငဖဲမြို့နယ် တောင်ပေါ်ဒေသ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းများပြီးစီးမှု ကွင်းဆင်းစစ်ဆေး
31/03/19
မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်သော စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ဝါယာရှော့ဖြစ်ကာ လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး
31/03/19
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ယနေ့ နံနက် ၅ နာရီ်တွင် ဓားမိန်း အပူလွန်ကဲရာမှတစ်ဆင့် ဝါယာရှော့ဖြစ်ကာ လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။