Latest News

နောက်ဆုံးရသတင်းများ

ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ် (၆)စီးနှင့်အတူ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိ

မှုခင်း

19/03/19

ပခုက္ကူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးနှင့် ဒုရဲအုပ် ဝေလင်းဇော်ဦးတို့ ပူးပေါင်းအဖွဲ့သည် ခိုးမှုများဖော်ထုတ်ဖမ်းဆီးရမိရေး မြို့နယ်များရှိ ရဲစခန်းများနှင့် ချိတ်ဆက်ခြင်းကို မတ် ၃ ရက်တွင် အောင်လံမြို့ နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ လောင်လံမြို့နယ်၊ ပြလိုကျေးရွာတွင် ဖိုးခွား (ခ) မျိုးအာကာ၊ အောင်မျိုးသူ၊ ကျော်လင်းထက်တို့ (၃)ဦးအား ဟွန်ဒါကလစ် ၁၂၅ နီ/နက်ကြားရောင် ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

လွှတ်တော်အဆောက်အဦများတွင် လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်တကျရှိစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

19/03/19

လွှတ်တော်အဆောက်အဦများတွင် တပ်ဆင်ထားသော လျှပ်စစ်ပိုင်းဆိုင်ရာများ စနစ်တကျရှိစေရေးအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိအဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မိတ္ထီလာ ကုန်းသာကျေးရွာ အိုးလုပ်ငန်းမှ သင်္ကြန်အကြိုအိုးများအား တောင်ပေါ်ဒေသများအထိ တင်ပို့ရောင်းချရလျက်ရှိ

ပြည်တွင်း

19/03/19

မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာရှိ ဒေသခံများလုပ်ကိုင်သည့် အိုးလုပ်ငန်းမှ သင်္ကြန်အကြိုအိုးများကို တောင်ပေါ်ဒေသများအထိ တင်ပို့ရောင်းချရလျက်ရှိကြောင်း ဒေသခံအိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

မိုးလေဝသ

19/03/19

မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးယောသပ် နမ့်ဝိုးထောင်ကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ပြည်တွင်း

19/03/19

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးယောသပ်နှင့် ဇနီး၊  ----------

မြင်းမူမြို့တွင် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်မည်

ပြည်တွင်း

19/03/19

မတ်လ(၂၄)ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့" အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များကိုယ်စား စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မတ်လ (၂၄) ရက်၌ ပြုလုပ်မည်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မုံရွာတက္ကသိုလ်ခြေလျင်တောင်တက်အသင်း လာမည့်ဇွန်လအတွင်း ကူမဲမြို့နယ်ရှိပြက္ခရွေ့တောင်သို့ တက်ရောက်မည်

ပြည်တွင်း

19/03/19

မုံရွာတက္ကသိုလ်ခြေလျင်တောင်တက်အသင်းသည် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ဒုတိယနှစ်ဝက်ကာလ အတွင်း မန္တလေးတိုင်းဒေသကြီး ကူမဲမြို့နယ်အရှေ့ဘက်ခြမ်းရှိ အမြင့်ပေ (၃၇ဝဝ)ကျော်ရှိ ပြက္ခရွေ့တောင်သို့ တက်ရောက် လေ့လာရန် စီစဉ်လျက်ရှိကြောင်း မုံရွာတက္ကသိုလ်ခြေလျင်တောင်တက်အသင်းဥက္ကဌ ဒေါက်တာ ဇော်မြင့်နီ(ပါမောက္ခဌာနမှူး၊ ဘူမိဗေဒဌာန)၏ ပြောကြားချက်အရ သိရသည်။

မြစ်သားမြို့၌ ကဗျာလွတ်အကသင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြည်တွင်း

19/03/19

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ကျင်းပသော ကဗျာလွတ်အကသင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀နာရီက ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင် ကချင်ပြည်နယ်တို့တွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်

ပြည်တွင်း

19/03/19

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ကချင် ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာစိပ်စိပ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ .....................

မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားမည်  

အားကစား

19/03/19

ဧရာဝတီတိုင်းဒေသကြီး၊  လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ပူးပေါင်းစီစဉ်သော နွေရာသီအားကစား သင်တန်းများဖြစ်သည့် ဘောလုံးအခြေခံသင်တန်း၊ ကရာတေးဒို၊ Myanmar Fit-ness Dance သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

အဖတ်များဆုံး သတင်း