Latest News

နောက်ဆုံးရသတင်းများ

မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ ဆက်လက်ကျင်းပ

ပြည်တွင်း

19/03/19

၂၀၁၉ ခုနှစ်(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 

မှုခင်း

19/03/19

မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တပ်မတော်မှ မတ် ၁၈ ရက် နံနက်ပိုင်းက လှည့်ကင်းဆောင်ရွက်နေစဉ် လှေတစ်စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်တွင်း

19/03/19

တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့သည် ယနေ့တွင် နေပြည်တော်တိ်ုင်းစစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာ၌ တွေ့ဆုံဆွေးနွေးကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းနှင့် မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့အား AA အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ် 

ပြည်တွင်း

19/03/19

မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့၀င်များလိုက်ပါလာသည့် ယာဉ်တန်းနှင့် မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့အား ယမန်နေ့ညက မြို့နေပြည်သူလူထု၏ နေအိမ်များတွင် နေရာယူထားသည့် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာအားကစားပွဲများတွင် ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပြည်တွင်း

19/03/19

(၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲ၊ (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ ခန်းမဆောင်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

လာမည့်ရက်များအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးဆက်လက် ထစ်ချုန်းရွာနိုင်

မိုးလေဝသ

19/03/19

နေပြည်တော် ၁၉ မတ်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

ရွှေတိဂုံစေတီတော် ၂၆၀၇ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပ

ပြည်တွင်း

19/03/19

ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် ၂၆၀၇ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယနေ့ညနေ (၄)နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ကျင်းပသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် သြစတြီးယားနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ပြည်တွင်း

19/03/19

ဘန်ကောက်မြို့အခြေစိုက် သြစတြီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Dr. Eva Hager ဦးဆောင်သော အဖွဲ့သည် မတ် (၁၉) ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက်တွေ့ဆုံသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် တိုင်းရင်းဆေးဝါးစက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်တွင်း

19/03/19

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးဝါးစက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်

အဖတ်များဆုံး သတင်း