Latest News
နောက်ဆုံးရသတင်းများ
ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးအား စစ်ကိုင်းမြို့သို့ စတင်ပင့်ဆောင်သယ်ယူ
18/03/19
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်၊ လက်ပံကုန်းကျေးရွာ ဆရာပွဲဗုံလုပ်ငန်းမှ လှူဒါန်းသော ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး အဓိကဒုန္ဒုဘစည်တော်ကြီးအား မတ် ၁၇ ရက် နံနက် ၉နာရီတွင် စစ်ကိုင်းမြို့၊ ကောင်းမှုတော်စေတီတော်တွင်ထားရှိရန် အင်းတော်မြို့ အင်းမြသာယာအားကစားကွင်းမှ စတင်ပင့်ဆောင် သယ်ယူခဲ့ကြောင်းသိရသည်။
မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း ပွင့်ဖြူမြို့၌ ဖွင့်လှစ်
18/03/19
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း (၁/၂၀၁၉)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျေးလက်ပြည်သူများအား OSS ဝန်ဆောင်မှုလုပ်ငန်း အသိပညာပေး၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
18/03/19
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့ ကျေးလက်ပြည်များ OSS ဝန်ဆောင်မှု လုပ်ငန်းကို သိရှိနားလည်စေရန်အတွက် OSS ဝန်ဆောင်မှုအကြောင်း --------
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံး အပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန်
18/03/19
၁၈ မတ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မြစ်ရေ အခြေအနေများ
18/03/19
၁၈ မတ်
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၈.၃.၂၀၁၉) ရက်နေ့ နံနက် (ဝ၆:၃၀) နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေ အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
18/03/19
နေပြည်တော် ၁၈ မတ်
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မတ်လ တတိယ (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်
18/03/19
နေပြည်တော် ၁၈ မတ်
ဘင်္ဂလားပင်လယ်အော်အခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
မြစ်ရေအခြေအနေခန့်မှန်းချက်များ
18/03/19
နေပြည်တော် ၁၈ မတ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ မတ်လ၊ တတိယ (၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်များကို ယနေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့နယ်မှ ပြည်သူလူထုနှင့်တွေ့ဆုံ
18/03/19
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မတ် ၁၇ ရက်နံနက် ၁၀ နာရီက မြန်အောင်မြို့နယ် ထောက်ကျန့်ကွင်းကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေ့စဉ်မိုးလေဝသသတင်း
18/03/19
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊
အဖတ်များဆုံး သတင်း
- 16/Jan/2026