Latest News

နောက်ဆုံးရသတင်းများ

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

မိုးလေဝသ

18/03/19

၁၈ မတ်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၈.၃.၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

1

 

နမ့်ခမ်းမြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ပြည်တွင်း

18/03/19

မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ရောင်စုံဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူထံမှ စိတ်ကြွမူးယစ်ဆေးပြား ၁၃၄ ပြား ဖမ်းဆီးရမိ

မှုခင်း

18/03/19

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်နယ်မြေရဲကင်းစခန်းမှ မတ် ၁၇ ရက်  နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူ တစ်ဦးအား ----

မိတ္ထီလာမြို့နယ်၌ အသက်(၈၀)နှစ်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် နိုင်ငံတော်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်လှူဒါန်းသော မသန်စွမ်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်

ပြည်တွင်း

18/03/19

မိတ္ထီလာမြို့နယ်၌  (၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသက်(၈၀)နှစ် အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် --------

မုံရွာတွင် ကျေးရွာငါးရွာ သောက်သုံးရေရရှိရေး အဝီစိစက်ရေတွင်း တူးဖော်မည်

ပြည်တွင်း

18/03/19

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန် (Dry Zone) တွင်ပါဝင်သော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မရှိစေရေး အတွက် မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာငါးရွာတွင်စက်ရေတွင်းငါးတွင်းတူးဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဘောဂလိမြို့တွင် ပကူးကရင်ဘာသာဖြင့် ကျမ်းရွတ်ပြိုင်ပွဲပြုလုပ်

ပြည်တွင်း

18/03/19

ကရင်ပြည်နယ် ဘောဂလိမြို့နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့ညပိုင်းက ပကူးဘာသာစကားဖြင့် ကျမ်းစာရွတ်ပြိုင်ပွဲပြုလုပ်ခဲ့သည်။

ချောင်းဦးမြို့နယ် ရွှေမြင့်မိုရ် စက္ခုဒါန အထွေထွေကုဆေးရုံ၌ မျက်စိဝေဒနာရှင်များအား ကုသိုလ်ဖြစ် (အခမဲ့) ခွဲစိတ်ကုသပေး

အလှအပနှင့်ကျန်းမာရေး

18/03/19

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ခင်မွန်စံပြကျေးရွာတွင် ''ရွှေမြင့်မိုရ် ဆရာတော်'' ဘဒ္ဒန္တ ဝိသုတ ဦးဆောင်မှု၊ “Taiwan Buddhist Tzu Chi Foundation & Myanmar Representive Office Yadanar Hospital” ၏ မတည်လှူဒါန်းမှုတို့ဖြင့် ရွှေမြင့်မိုရ် စက္ခုဒါန အထွေထွေကုဆေးရုံကြီးတွင် ယနေ့ နံနက် ၈ နာရီက မျက်စိဝေဒနာရှင်များအား ကုသိုလ်ဖြစ် (အခမဲ့)ကုသပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် မော်ဟန်ရွာအတွင်းရှိ လေးတန်ချောင်းတွင် ချောင်းကော ဆယ်ယူခြင်း လုပ်ငန်းများဆောင်ရွက်

ပြည်တွင်း

18/03/19

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာလေးတန်ချောင်း မိုးတွင်းကာလ ရေကြီး ရေလျှံမှုနှင့် လယ်ယာမြေ ချောင်းကမ်းပါး ရေတိုက်စားမှုမှ ကာကွယ်ရန် ချောင်းကော ဆယ်ယူခြင်းလုပ်ငန်းကို  ရွှေနန်းတင် လမ်းတံတား ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူပြီး မော်ဟန်ကျေးရွာ ဒေသဖွံဖြိုးရေး ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဖတ်များဆုံး သတင်း