Latest News
နောက်ဆုံးရသတင်းများ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်(A)နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ
12/03/19
နေပြည်တော် ၁၂ မတ်
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်(A)နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို အများပြည်သူ သိရှိနိုင်ရန်အတွက် လုပ်ကွက်(A)နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သီရိရတနာခန်းမ၌ ကျင်းပသည်။
၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ
12/03/19
မတ် ၁၂
မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။
ဘာလင်နိုင်ငံတကာခရီးသွားပြပွဲ-၂၀၁၉၊ (၉)ကြိမ်မြောက် ပိုးလမ်းမခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်
12/03/19
နေပြည်တော် ၁၂ မတ်
ဘာလင် နိုင်ငံတကာခရီးသွားပြပွဲ - ၂၀၁၉ နှင့် (၉)ကြိမ်မြောက် ပိုးလမ်းမခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဂျာမနီနိုင်ငံ ဘာလင်မြို့၌ မတ် ၆ ရက်မှ မတ် ၁၀ ရက် အထိ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်ခဲ့သည်။
နေပြည်တော်၊ တိုင်းဒေသကြီး ငါးခုနှင့် ပြည်နယ်နှစ်ခုတို့တွင် နောက်နှစ်ရက်အတွင်း နေ့အပူချိန်များတိုးလာနိုင်
12/03/19
နေပြည်တော် ၁၂ မတ်
၂၀၁၉ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ် အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲနှစ်ခုအတွက် မြန်မာ ယူ-၁၈ အသင်း ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်
12/03/19
မြန်မာ ယူ-၁၈ အသင်းသည် မတ်နှင့် ဧပြီလတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲနှစ်ခုအတွက် ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
"စားသုံးသူများတွင် အခွင့်အရေးများရှိသည်" ကမ်ပိန်းစာနယ်ဇင်းမိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
12/03/19
နေပြည်တော် ၁၂ မတ်
"စားသုံးသူများတွင် အခွင့်အရေးများရှိသည်" ကမ်ပိန်းစာနယ်ဇင်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုရှေ့နေချုပ်သည် ဗြိတိန်နိုင်ငံမှ ဥပဒေပညာရှင် Sir Jeffrey Jowell QC အား တွေ့ဆုံ
12/03/19
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံမှဥပဒေပညာရှင် Sir Jeff- reyJowell QC အား ယနေ့ညနေ ၄ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ ကျင်းပ
12/03/19
နေပြည်တော် ၁၂ မတ်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၇၈)တွဲ တင်ဒါအောင်မြင်
12/03/19
နေပြည်တော် ၁၂ မတ်
၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၇၈)တွဲကို ယူရိုငွေ စုစုပေါင်း ၁ ဒသမ ဝ၂၉ သန်းဖြင့် တင်ဒါအောင် မြင်သွားကြောင်း သိရသည်။
ကျောက်တန်းမြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၀၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပ
12/03/19
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့၏ကျက်သရေ ဆောင်ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော် (၁၀၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို