လောင်းလုံ ၃၁ အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထားဝယ်ခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ လောင်းလုံ မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မောင်းမကန် နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN