လေးမျက်နှာ   ၂၈    နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ အနောက်ဘက်တွင် နိုဝင်ဘာ (၂၇)ရက် မွန်းလွဲ ၁ နာရီခွဲက ဒိုင်နမိုအပူလွန်ကဲရာမှ ဒယ်တုံးလယ်ထွန်စက်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

 

228

 

ဖြစ်စဉ်မှာ အမှတ် (၄) ရပ်ကွက်နေ ဦးမြင့်သိန်း၏ လယ်အတွင်း  ပဲစိုက်ရန် ဒယ်တုံးလယ်ထွန်စက်ဖြင့် ထွန်ယက်မောင်းနှင်နေစဉ် ဒိုင်နမိုအပူရှိန်လွန်ကဲရာမှ တာယာနှင့် ဝါယာကြိုးများ  မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်ရာသို့ လေးမျက်နှာမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁)စီးနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်၌ ယာဉ်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ရှင်ဖြစ်သူ ဦးမြင့်သိန်းအား လေးမျက်နှာမြို့နယ်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရွှေမိုး(ပြန်/ဆက်)