လှိုင်းဘွဲ ၁၀ မတ်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တဝန်ဖန်ရကျေးရွာတွင် Network Activities Group (NAG) အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ် ၁၀ ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တဝန်ဖန်ရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး တဝန်ဖန်ရကျေးရွာ ဒေါ်နုနုဝေက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ (MEDA)တာဝန်ခံ ဒေါက်တာအိရွှေစင်လင်းက မိတ်ဆက်ခြင်း၊ (NAG) ဒေါက်တာမျိုးမမသန်းက ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး အမျိုးသမီးများ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချခြင်း၊ အမျိုးသမီးများနှင့် စီးပွားရေးအကြောင်း၊ ဥပဒေအကြောင်း၊ ကျား/မလူမှုရေးရာနှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးသဘောတူ စာချုပ်အကြောင်းများ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်ကာ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။

 

MDN