ဘားအံ အောက်တိုဘာ ၃၀
ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်သာယာကုန်းကျေးရွာရှိ သာယာကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားများ၏ ဆောင်းမြေပဲ စိုက်ပျိုးနေမှုကို ကရင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
ထို့ပြင် ဒုတိယပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများသည် အသင်းသား တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး မြေပဲစိုက်ပျိုးရေး လက်ကမ်း စာစောင်များ ဖြန့်ဝေရှင်းလင်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


