ရန်ကုန်     ၆  အောက်တိုဘာ     

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်၊ သီရိမြိုင် ၃ လမ်း၊ အိမ်အမှတ် (၄) ၌ အတူနေထိုင်သူ ဒေါ်အေး‌အေးမူနှင့် တူတော်သူ ဇော်မျိုးထက် (ခ) ဗလ တို့သည် ယမန်နေ့  ညနေ ၆ နာရီ  ၄၅ မိနစ် အချိန်ခန့်က စကားများရာ ဇော်မျိုးထက်မှ အိမ်သုံးစတီးဓားနှင့် ထိုးခဲ့သဖြင့် ဒဏ်ရာများ ရရှိပြီး  ဒေါ်အေး‌အေးမူကို ရန်ကုန်ဆေးရုံသို့  ပို့ဆောင်ခဲ့စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အမှု၌ ဇော်မျိုးထက်(ခ)ဗလ ကို ဦးဇော်ဝင်းမှ အမှုဖွင့်ထားပြီး လှိုင်မြို့နယ်ရဲစခန်းက ဆက်လက်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သန္တာမေ ( ပြန်/ဆက်)